ကျွန်တော် Embedded System (ဥပမာ ESP32) တွေပေါ်မှာ AI ကို ဘယ်လို လက်တွေ့အသုံးပြုရမလဲဆိုတာ လေ့လာနေပါတယ်။ လေ့လာရင်းနဲ့ လက်တွေ့လုပ်ကြည့်ချင်တာကြောင့် 'မြန်မာ့အစားအစာ အမျိုးအစား ခွဲခြားပေးသည့် စနစ်' (Myanmar Food Identification System) ဆိုတဲ့ ပရောဂျက်လေးတစ်ခု စတင်လိုက်ပါတယ်။
ဒီပရောဂျက်ရဲ့ လုပ်ဆောင်ပုံကတော့ ESP32 Camera ကနေ အစားအစာပုံကို ရိုက်ယူပြီး ChatGPT ဆီ ပို့ပေးမှာ ဖြစ်ပါတယ်။ ChatGPT က အစားအစာ အမျိုးအစားကို ခွဲခြားဆန်းစစ်ပြီး ESP32 ဆီ ပြန်လည်အကြောင်းပြန်ပေးမှာ ဖြစ်ပါတယ်။"
ဒီပရောဂျက်အတွက် Seeed Studio က ESP32-S3 Sense နဲ့ ChatGPT ကို အသုံးပြုထားပါတယ်။ Code ကိုတော့ Arduino codebase ပေါ်မှာ Vibe coding နည်းလမ်းနဲ့ ရေးသားထားတာပါ။ စိတ်ပါဝင်စားလို့ Code တွေကို လေ့လာချင်ရင်တော့ ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ESP32-S3 CAM -> Capture Image -> HTTP POST -> Cloud API -> Vision AI -> Food Identification -> JSON ->ESP32 Web UI