ESP 32 Weather station ​တစ်ခုတည်ဆောက်ခြင်း

ခုအချိန်မှာ  Wifi တွေများလာလို့ ဒီ project ကို စဖြစ်တာပါ။​ ESP32 က connectivity အတွက်ဆိုတော့  Wifi ရှိပြီးသား ကျောင်းပဲဖြစ်ဖြစ် အိမ်ပဲဖြစ်ဖြစ် စမ်းလို့ အဆင်ပြေမှာပါ။  ပါဝင်မဲ့ ပစ္စည်းတွေကတော့

1) Internet နဲ့ ချိတ်ဆက်ပေးမဲ့ ESP32 ရယ်

(နောက်ထည့်မဲ့ sensor တွေကတော့ ဘတ်ဂျက်ရှိရင် ရှိသလိုသုံးနိုင်ပါတယ်။)

2) Temperature/Humidity sensor (ဒီ sensor ကတော့ ဈေးပေါပြီး အလွယ်တကူရနိုင်လို့ မထည့်မ ဖြစ်ပါပဲ။   ဒီလင့်မှာ အသေးစိတ်ကြည့်နိုင်ပါတယ် )

3) Multichannel Gas sensor (ဒီလင့်မှာ အသေးစိတ်ကြည့်နိုင်ပါတယ်) (လေထုထဲက CO,NH3 Gas တွေကို တိုင်းတာနိုင်ပါတယ်။)

4) Particle sensor (ဒီလင့်မှာ အသေးစိတ်ကြည့်နိုင်ပါတယ်) (လေထုထဲပါဝင်တဲ့ အမှုန်တွေကို တိုင်းတာပေးပါတယ်။)

ဒီ sensor တွေရွေးပြီး ESP32 နဲ့တွဲသုံးလို့ ရနိုင်မလားကိုလဲ ပြန်စစ်သင့်ပါတယ်။ sensor module တိုင်းမှာသူ့ကိုဘယ်လို power ပေးရမလဲ၊ ခိုင်းရမလဲဆိုတာကို စစ်သင့်ပါတယ်။ ဒီ အချက်အလက်တွေကိုတော့ module ရောင်းတဲ့ online store တွေမှာ ရှာနိုင်ပါတယ်။ အကောင်းဆုံးကတော့ ထုတ်လုပ်သူကပေးတဲ့ datasheet တွေမှာ ရှာနိုင်ပါတယ်။  

Project မစခင် သုံးမဲ့ sensor တွေ နဲ့ ESP32ကို ဘယ်လိုချိတ်မလဲ အရင်ကြည့်ရပါတယ်။

Temperature/Humidity sensor:

Chip ID : DHT11

Power: 5V~3.3V 

သူ့ဆီက data ရဖို့ single wire serial interface data line သုံးရလို့ digital pin တခုထဲလိုတယ်။ ဘယ် Digital I/O မဆိုရတယ်ဆိုတော့ အဆင်ပြေတယ်။ 

Air quality sensor: 

Chip ID : DHT11

Power: 5V~3.3V

သူ့ဆီက data ရဖို့  I2Cလိုတယ်။ 

 Particle sensor:

Chip ID : DHT11

Power: 5V~3.3V

သူက analog output ဆိုတော့ ESP32 မှာ Analog pin ရှိတယ်ဆိုတော့ သုံးလို့ရတယ်။

ဒီအောက်ကတော့ sensor/module တွေနဲ့ ESP32 ဘယ်လိုချိတ်မလဲဆိုတာ အကြမ်းဆွဲထားတာပါ။ 


weather station code ကို ဒီမှာ (link) ပေးထားပါတယ်​။ ထပ်သိချင်တာတွေ၊ အခက်အခဲရှိရင် မေးပါ။


ခန့်မှန်းခြေ ၃-၄လ လောက် အပြီးမှာတော့ project ကို ရပ်လိုက်ပါတယ်။ ဒီကာလမှာ weather station အနေနဲ့ (မီးပျက်တဲ့ အချိန်တွေမှ အပ)  လေထုအတွင်းက အမှုန်၊ အပူချိန်၊ စိုထိုင်းစ အချက်အလက်တွေကို thingspeak server ကိုပို့ပေးနိုင်ခဲ့ပါတယ်။

Lessons learnt

တွေ့ရတဲ့ ပြသနာတွေကတော့ ESP32 / sensor modules တွေအားလုံးပေါင်းလိုက်တဲ့ အခါ power supply module ကပူတက်လာပါတယ်။ 


datasheet တွေ အရ current consumption က 1 Ampere မကျော်ပါဘူး။ power supply module ကလဲ datasheet အရ 1 Ampere အထိပေးနိုင်ရပါမယ်။ ဒါပေမဲ့ အသုံးနဲ့ ပေးနိုင်တဲ့ဝန်က မမျှလို့ power supply module ကပူတယ်လို့ ယူဆရပါတယ်။ 


​module တစ်ခုချင်းဆီ မစစ်နိုင်လို့ ရေတို အဖြေ အနေနဲ့ power supply module ၂ခုခွဲသုံးပါတယ်။ ESP32 ကိုပဲ power supply module တစ်ခုနဲ့ ကျန်တဲ့ sensor module တွေကို နောက် power supply တစ်ခုကပေးပါတယ်။