ESP32 with AWS IoT Core
ဒီတခါ စမ်းဖြစ်တာတော့ AWS IoT Core ပါ။ Arduino နဲ့သုံးပြီး စမ်းထားပါတယ်။ ဒီလင့်ကနေ လိုက်လုပ်ကြည့်ပါတယ်။ လုပ်ရတဲ့ အဆင့်တွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
၁) AWS အကောင့်ဖွင့်ရပါမယ်။ Credit card ပေးဖို့လိုပေမဲ့ Free ၁နှစ် ပေးသုံးပါတယ် (ပိတ်ဖို့တော့ မမေ့နဲ့ပေါ့)။ ပြီးရင် IoT Core ကို သုံးဖို့ရွေးပါ။
၂) AWS IoT မှာ Thing တခုဖန်တီးရပါမယ်။ ဒါက ကိုယ့် အပြင်က ကိုယ့် IoT ရဲ့ အပွါးလို့ပြောလို့ရနိုင်ပါတယ်။ Thing အတွက် Policy နဲ့ Certificates လိုပါတယ်။ Policy ကို ရေးရာမှာ စာအတိအကျဖြစ်ရပါမယ်။ တခုခုမှားရင် AWS IoT Core ကိုချိတ်လို့ရပြီး IoT ကပို့တဲ့ data မရောက်ဖြစ်တတ်ပါတယ်။ Certificateကို AWSကနေ ထုတ်ပေးပါတယ်။ Certificate ၃မျိုး (Private Key, Device Certificate, Amazon Root CA1)လိုပါတယ်။ Certificate မှားရင် AWS IoT Core ကိုချိတ်မရ ဖြစ်တတ်ပါတယ်။
၃) အပေါ်က အဆင့်တွေပြီးရင် Arduinoကို program စပြီးသွင်းရပါမယ်။ အပေါ်အဆင့်က ရတဲ့ Certificate ၃စောင် အပြင် Thing Name ၊ AWS endpoint ၊ Publish/Subscribe topic ၊ ကိုယ့် WiFi အချက်အလက်တွေထည့်ဖို့လိုပါတယ်။
အသေးစိတ် အဆင့်တွေက အပေါ်ကလင့်မှာ ပြထားလို့ ထပ်မရေးပြတော့ပါဘူး။ အခက်အခဲတွေ့ရင် comment မှာရေးထားပါ။ ဒီအချက်တွေတော့ ဂရုပြုပေးပါ။
- Policy တွေ၊ နာမည်တွေ မှာ ဖြည့်တဲ့ အခါ စာလုံးပေါင်းမှန်အောင် ဂရုစိုက်ပါ။ စာလုံးတလုံး မှားတာနဲ့ လုံးဝချိတ်မရတော့ပါ။
- Thing ဟာ အပြင်က ကိုယ့်ရဲ့ IoTနဲ့ ချိတ်ဆက်နေတယ်။ အဲလိုချိတ်ဆက်တာကို Certificate တွေက လုပ်ပေးပြီး ဆက်ပြီး data အသွားအလာကိုတော့ Policy တွေက ဆုံးဖြတ်ပေးတယ်။
- တကယ်လို့ data မရောက်ခဲ့ရင် MQTT test client နဲ့ troubleshoot လုပ်လို့ရတယ်။ ဒီလင့်ကနေ ဖတ်ကြည့်လို့ရတယ်။
- ပုဂ္ဂလိက အမြင်ကတော့ AWS IoT Core က Google IoT Core ထက်စာရင် ပိုသုံးလို့လွယ်ပါတယ်။ နောက် Free tier ကလဲ ၁နှစ်ပေးသုံးတော့ အေးအေးဆေးဆေးစမ်းလို့ရတယ် (Google က ၃လပဲပေးတယ်)။ Industrial မှာလဲ အလုပ်ခေါ်တာ AWS IoT ကပိုများတယ်။
Ref:
https://how2electronics.com/connecting-esp32-to-amazon-aws-iot-core-using-mqtt/
https://aws.amazon.com/blogs/compute/building-an-aws-iot-core-device-using-aws-serverless-and-an-esp32/
https://docs.aws.amazon.com/iot/latest/developerguide/life-cycle-events.html